Skip to main content

Posts

Featured

မအောင်မြင်သောလုပ်ကြံမှု

 မအောင်မြင်သောလုပ်ကြံမှု           သီယာရီတစ်ယောက် စစ်ဆင်ရေးကို ရေးဆွဲစဉ်က အစစအရာရာ အသေးစိတ် စနစ်တကျတွက်ချက် ပြင်ဆင်ထားခဲ့ပါသည်။ ခြုံခိုတိုက်ခိုက်မည့်နေရာ၊ အသုံးပြုမည့်လက်နက်၊ အချက်ပြစနစ်၊ လေတိုက်နုန်း၊ အမှောင်ဖုံးမည့်အချိန် စသည်တို့ကို ကိုယ်တိုင်သေသေချာချာပင် လေ့လာခဲ့ပြီးမှ စစ်ဆင်ရေးကို ရေးဆွဲခဲ့ခြင်းဖြစ်၏။ သို့သော် သူအမှတ်တမဲ့ သတိမပြုမိလိုက်သည်က သူ့စစ်ဆင်ရေးအတွက် ရ ရက် န နာရီ သတ်မှတ်စဉ် အသုံးပြုခဲ့သည့် ပြက္ခဒိန်မှာ လွန်ခဲ့သော၁၉၆၁ ပြက္ခဒိန်ဖြစ်နေခြင်းပင်။ ထိုပြက္ခဒိန်တွင် ဆည်းဆာချိန်ကုန်၍ အမှောင်ထုဖုံးမည်အချိန်မှာ ညနေ ၈နာရီ၃၅မီးနစ်မှသာ ဟုဖေါ်ပြထားသော်လည်း ၁၉၆၂ ပြက္ခဒိန်အသစ်အရ အမှောင်ဖုံးမည်အချိန်မှာ ညနေ ၈နာရီ ၁ဝမီးနစ်ဟု အတိအကျပြထားသည်။             အမှောင်ထုကြောင့် မသဲမကွဲသာမြင်နေရသည့် သီယာရီကို ဆာ့ဂ်ျတစ်ယောက် အားစိုက်ကာ စူးစိုက်ကြည့်နေရ၍ စိတ်တိုလာစဉ် ဗြုန်းကနဲဆို ကားမီးရောင်ကို လှမ်းတွေလိုက်ရသောအခါ၊ ဆာ့ဂ်ျတစ်ယောက် ဘာပြင်ဆင်ချိန်မှမရတော့ပဲ ပစ်ဟုသာ သူ့အဖော်အား အလန့်တကြားထ၍ အမိန့်ပေးလို...

Latest Posts

လွဲချော်မှုသေးသေးလေး

သီယာရီနှင့် သူ၏လုပ်ကြံရေးအဖွဲ့သားများ

နောက်ယောင်ခံ

အပိုင်း ၁

Day Of The Jackal

၆။ မှော်ဆရာဇာတ်သိမ်း

၅။ အမုန်းမေ့ခံ ကန္တာရကျားသစ်တကောင်၏ နောက်ဆုံးနေ့

၎။ သူရာဆိုတဲ့လုပ်ကြံရေးသမားကြောင့်သေဆုံးရသူ

၃။ မြရာပင်အောက် ခေါင်းချလေသူ

ရွှေကျည်ဆံ