လွဲချော်မှုသေးသေးလေး
လွဲချော်မှုသေးသေးလေး
ဆာ့ဂ်ျက ပထမကွန်မန်ဒိုအဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး သီယာရီအချက်ပြသည်နှင့် ဆာ့ဂ်ျက သူ့နှင့်အတူကားတစ်စီးထဲ အတူထိုင်နေသော သေနတ်သမားအက်စတာဖီတီကို ပစ်မိန့်ပေးရမည်။ တချိန်ထဲမှာပင် ဗော့ဂရန်နက်နှင့် စက်သေနက်ကိုင် ဝါတင်တို့က သမ္မတလုံခြုံရေးအဖွဲ့ကို ရှင်းပစ်မည်ဖြစ်သည်။
ပီတစ်လာမက်အရပ်သို့ရောက်သောအခါ ရိပ်သာလမ်းမကြီးတွင် ယာဉ်သွားယာဉ်လာတို့ မရှိသလောက် ရှင်လင်းသွားသဖြင့် ဒီဂေါလ်က သူ့ဒရိုင်ဘာကို အရှိန်ပိုမြင့်ရန် အမိန့်ပေးလိုက်လေ၏၊ ထို့ကြောင့် ဒီဂေါလ်တို့လိုက်ပါလာသော ကားလေးသည် ရှေ့မှ မော်တော်ပီကယ် ဆိုင်ကယ်၂စီးကို ကျော်တတ်လိုက်သဖြင့် ယာဉ်တန်းလေးသည် မူလက ၄ဝ-၄၅မိုင်နုန်း မောင်းနေရာမှ ၆ဝ-၆၅မိုင်နုန်းသို့ မြင့်တက်သွားလေ၏။
ည၈နာရီ၁၇မီးနစ်တွင် သမ္မတယာဉ်တန်း သီယာရီရပ်နေသည် ဘက်စကားမှတ်တိုင်ကို ကျော်ဖြတ်၏။ သီယာရီလည်း ချက်ချင်း သတင်းစာလိပ်ကို မျက်နှာရှေ့ဖြတ်ကာ ဆက်တိုက်လှုပ်ရမ်းရင်း အချက်ပေးလေ၏။ သို့သော် ဒီဂေါလ်၏ကံတရားလား သီယာရီ၏ အသုံးမကျမှုလားတော့ မသိတော့ပါ အသေအချာကြီးကို စီစဉ်ထားသည့် ကြားထဲမှပင် အမှားအယွင်းလေးတစ်ချက် ဖြစ်သွားခဲ့လေသည်။ ထိုကဲ့သို့သော အမှားယွင်းသေးသေးလေးသည် ပြင်သစ်သမိုင်းကို ပြောင်းလဲသွားစေနိုင်မည့် လုပ်ကြံမှုကြီးတစ်ခုလုံးနှင့် အို-အေ-အက်စ် တစ်ဖွဲ့လုံးကို ပျက်စီးသွားစေသော အကြောင်းတရားကြီး ဖြစ်သွားသကဲ့သို့ သီယာရီ၏ အသက်ကိုပါပေးလိုက်ရသော အကြောင်းလည်း ဖြစ်သွားစေပါတော့သည်။
သူ့အရှေ့သို့ သမ္မတယာဉ်တန်းရောက်သည်နှင့် သီယာရီက အသင့်စောင့်နေသော ဆာ့ဂ်ျတို့ကို အချက်ပေးလိုက်၏၊ သို့သော် ထိုအချိန်တွင် ဆည်းဆာကွယ်ပျောက်ကာ အမှောင်ညချိန်ရောက်သွားခဲ့ပြီမို့ သူ့၏အချက်ပြမှုကို တစ်မိုင်နီးနီးအကွာဝေးမှ ဆာ့ဂ်ျတို့ သဲကွဲစွာမမြင်ရ၊ ထို့ကြောင့် ဆာ့ဂ်ျတို့စပစ်ချိန်တွင် သမ္မတကားသည် သူတို့ကိုကျော်ဖြတ်နေလေချေပြီး။
Comments