Day Of The Jackal

ရုပ်ရှင်ကိုကြိုက်သွားရာက မူရင်းစာအုပ်ကို မြန်မာကျူးပစ်မှာ တွေ့တာနဲ့ မီးကျိုးမောင်းပျက်ဘိုစာလေး အားကိုးပြီး ဖတ်ကြည့်တာ အရမ်းကောင်းတာနဲ့ နားလည်သလို ဘာသာပြန်ကြည့်ပါတယ်၊ မူရင်းစာရေးဆရာက အင်္ဂလိပ်စာရေးဆရာ Frederick Forsyth ပါ၊ ကျွန်တော့်ဘာသာပြန်ကိုတွေ့ရင် သူ့ဝတ္ထုတော့ ပျက်ပါပြီလို့ ဒေါပွမှာသေချာပါတယ်။
(မြန်မာကျူးပစ်မှာ ဖေါ်ပြပြီးဖြစ်ပါတယ်)


 

ခွေးအ အဖွင့်

           ပြင်သစ်လွတ်လပ်ရေး သူရဲကောင်း သမ္မတကြီး ချားလ်ဒီဂေါလ်သည် ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်လက်အောက်ရောက်ခဲ့ရပြီး စစ်ဒဏ်အကြီးအကျယ်ခံလိုက်ကာ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်တွင် အများ၏အထင်မြင်သေးခြင်းကို ခံနေရသော ပြင်သစ်နိုင်ငံကြီးအား ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ်သို့ ပြန်ရောက်အောင် ဦးဆောင်ခဲ့သူဖြစ်၏။ သို့သော် လက်တွေ့ဆန်လွန်း၍ စစ်သားပီပီ အရာရာအား ဒဲ့ဒိုးရင်ဆိုင် ဖြေရှင်းလေ့ရှိသူမို့ ပြည်တွင်းမှာရောပြည်ပတွင်ပါ သူ့အားမုန်းသူများခဲ့ချင်း ခံရသူလည်း ဖြစ်လေသည်။ ထို့ကြောင့်လဲ သူ၏ဘဝတွင် ၃၁ကြိမ်တိတိ လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခြင်းကို ခံခဲ့ရသည်ဟု မှတ်တမ်းများက ဆိုကြသည်။ 

သို့သော် ကံအလွန်ကောင်းလွန်းပြီး ရာဇပလ္လင်ဖင်မြဲမည့် ဇာတာကိုပိုင်ဆိုင်သူ ဒီဂေါလ်တစ်ယောက်ကတော့ သူ့အားလုပ်ကြံမှုတိုင်းတွင် အန္တရယ်ကင်းကင်းနှင့် လွတ်မြောက်ခဲ့သည်ချည်း။

          သူ၏အသက်ကိုလုပ်ကြံရန် ကြိုးစားမှုများထဲတွင် ၁၉၆၃ သြဂုတ်လ၂၅ရက်နေ့ လုပ်ကြံမှုကြီးကား သူ့၏အသက်အန္တရာယ်ကို အနီးကပ်ဆုံး ခြိမ်းချောက်နိုင်ခဲ့သော လုပ်ကြံမှုကြီးဖြစ်လေသည်။ 
ထိုလုပ်ကြံမှုအား လုပ်ဆောင်ခဲ့သူ လူသတ်သမား၏ လုပ်ကြံသတ်ဖြတ်ရေး အစီစဉ်ကို ပြင်သစ်လုံခြုံရေးတပ်ဖွဲ့များက ကြိုတင်သတင်းရရှိထားခဲ့ပြီး ဥရောပတိုက်မှ အခြားသော ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းကာ လုပ်ကြံမှု အထမြောက်မသွားစေဖို့နှင့် သမ္မတကြီးလုံခြုံစေရန် အပြင်းအထန်ကြိုးပမ်းနေသည့် ကြားထဲကပင် သူ၏ပစ်မှတ် ဖိုးသက်ပြင်း သမ္မတကြီးဒီဂေါလ်ကို လူသတ်သမားက ရအောင်ဝင်၍ လုပ်ကြံနိုင်ခဲ့လေ၏။

          ထိုလူသတ်သမားသည် ရက်စက်သလောက် သွေးအေးလွန်းသည်၊ ရဲရင့်သလောက် ကြေးစားဆန်လွန်းသည်၊ တည်ငြိမ်သလောက် ဖြတ်လတ်လွန်းသည်၊ အမည်ဝှတ်မှလွဲ၍ သူ့အမည်ရင်းအား မည်သူမှမသိကြ၊ အမည်ရင်းတင်မက သူဘာလူမျိုးလည်း၊ ဘယ်မှာနေပြီး ဘယ်လိုလူလည်း ဆိုတာကိုလဲ မသိကြ၊ အဆုံးစွန်ဆုံးပြောရလျှင် သူဘယ်ကလာ၍ ဘယ်ကိုသွားမည်ကိုပင် ဘယ်သူမှမသိကြပါ။

သူ့၏အမည်ဝှက်ကား Jackal- ခွေးအ သို့မဟုတ် လက်ပါးစေ ...

Comments

နောင်ကြီး
ဘယ်သူမှ ညွန်လို့ဟုတ်ဖူး ဟိုဒီလမ်းလျှောက်ရင်းတွေ့တာ။ စောစောကပြောရောပေါ့ဗျာ။ တစ်ခါတစ်လေ နားအေးပါးအေးဖတ်ချင်တဲ့ ကျနော့အတွက်တော့ ရွှေအိုးတစ်လုံးတွေ့သပေါ့ဗျာ။

Popular Posts